ကိုယ့်အသက်ကို တန်ဖိုးထားတယ်ဆိုရင် အမေရိကန်တွေရဲ့ အသက်ကို လာပြီး ချိန်းခြောက်ဖို့ မကြိုးစားနဲ့

ကိုယ့်အသက်ကို တန်ဖိုးထားတယ်ဆိုရင် အမေရိကန်တွေရဲ့ အသက်ကို လာပြီး ချိန်းခြောက်ဖို့ မကြိုးစားနဲ့
—————-
ဒေါ်နယ်ထရန့်
ဒေါ်နယ်ထရန့် အိမ်ဖြူတော်မှာ ပြောခဲ့တဲ့ ကြေငြာချက်ထဲက စိတ်ဝင်စားစရာ အချက်ငါးချက်ကို ဖော်ပြပေးလိုက်ပါတယ်
၁ -
အီရန်ကို ကြည့်ရတာ သူ့ဘက်ကနေ စပြီး အလျှော့ ပေးသွားပုံရပါပြီ ဒါဟာ ကမ္ဘာကြီးနဲ့ ဒီရေးမှာ ပါဝင် ပတ်သက်နေသူတွေအတွက် အလွန်ပဲ ကောင်းပါတယ်
အမေရိကန် စစ်အခြေစိုက် စခန်းတွေကို မစ်ဇိုင်းတွေ ပစ်ခဲ့ပေမယ့် မထိတာဟာ စစ်ရေးအရှိန်လျှော့ ချင်လို့ အီရန်က တမင်တကာ လျှော် ပစ်ခဲ့တို့ အမေရိကန်က ပြောပါတယ်
၂ -
ဆော်လန်မန်နီကို ရှင်းလိုက်တယ်ဆိုတာ အကြမ်းဖက်သမားတွေအတွက် ကြီးမားတဲ့ သတိပေးချက်ပါ
ကိုယ့်အသက်ကို တန်ဖိုးထားတယ်ဆိုရင် အမေရိကန်တွေရဲ့ အသက်ကို လာပြီး ချိန်းခြောက်ဖို့ မကြိုးစားနဲ့
၃ -
မနေ့ညက အီရန်က ပစ်လိုက်တဲ့ မစ်ဇိုင်းတွေဟာ အမေရိကန်နဲ့ မဟာမိတိတွေရဲ့ ပိုက်ဆံတွေပါ
ဒီစကားကို ဒေါ်နယ်ထရန့် ဘာကြောင့် ပြောလဲဆိုတာ နည်းနည်း ရှင်းပြချင် ပါတယ်
စီစကားက အိုဘားမားကို တိုက်ခိုက်လိုက်တာပါ... အိုဘားလက်ထက်မှာ အီရန်ရဲ့ နယူးကလီးယား အရှိန် လျှော့ ချရေးအတွက်
အမေရိကန်အပါဝင် မဟာမိတ်နိုင်ငံတွေနဲ့ နယူကလီးယား သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပါတယ်
အဲစာချုပ်အရ ၁၉၇၉ ကတည်းက ထိန်းသိမ်းထားတဲ့ အမေရိကန် ဘဏ်ထဲက အီရန် ပိုက်ဆံ ၁၀ ဘီလျှံကို ပြန်ထုတ်ပေးခဲ့ပါတယ်
ဒါအပြင် အီရန်ရဲ့ ကျန်းမာရေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လူဝင်မှုကြီးကြပ်ရေးတွေ အတွက် အိုဘားမား လက်ထက်မှာ အမေရိကန်နဲ့ မဟာမိတ်တွေက ကူညီ ပေးခဲ့ပါတယ်
ဒေါ်နယ် ထရန့်က ဒါကို ရည်ညွန်း ပြောဆိုလိုက်တာပါ

နေတိုးအဖွဲ့ ဝင် နိုင်ငံတွေ အနေနဲ့ အီရန်အရေးမှာ ပိုမို ပူးပေါင်း ပါဝင်လာဖို့ တိုက်တွန်း ချင်ပါတယ်

အမေရိကန် သမ္မတစ်ယောက်အနေနဲ့ ပြောချင်တာက
အီရန်ဟာ ဘယ်တော့မှ နယူးကလီးယား လက်နက် ပိုင်ဆိုင်ခွင့် ရမှာ မဟုတ်ပါဘူး
MIB News

No comments:

Post a Comment